အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 8 January 2013

ကံတရားရယ် အလှည့်ပေးလှည့်ပါအုန်း


အဆုံးမရှိတဲ့ပြဇာတ်တစ်ပုဒ်ကို
ကပြအသုံးခံရင်း
ကံဇာတ်ဆရာအလိုကြ
ငိုခဲ့ဖူးတယ် ရယ်ခဲ့ဘူးတယ်
ပူဆွေးလဲ့ရဘူးတယ် ကြည်နူးခဲ့ရဖူးတယ်
ဘယ်တော့မှမဆုံးနိုင်တဲ့
ပူဆွေးခြင်းတွေနဲ့
ဟန်လုပ်ပြုံးပြရင်း

အပူရုပ်ကိုဖုံးလို့ ပျော်ပြခဲ့ရတယ်
ကံဇာတ်ဆရာရယ်
တစ်ခါတစ်လေမှာများ
ပျော်ရွှင်မှုတွေပေးလို့
သာယာမှုအပေါင်းနဲ့ပြည့်စုံအောင်
ဇာတ်တိုက်ပေးလှည့်ပါကွယ်
ခွဲခွါခြင်းမှတ်တိုင်တွေကျော်ဖြတ်ဖို့အတွက်
ဇာတ်ဆရာရေးးးးးး
ကကွက်တွေပြောင်းပေးပါအုန်း
အငိုနဲ့စလို့အငိုနဲ့စတဲ့ပြဇာတ်ကိုအဆုံးသတ်စေဖို့ 
တစ်ကြိမ်လောက်အလှည့်ပေးစမ်းပါအုန်းကွယ်
ကံကြမ္မာဒီရေလှိုင်းရဲ့
ရိုက်ပုတ်လို့ခေါ်ဆောင်ရာ
အလိုက်သင့်မျောပါနေရင်း
ဘယ်သောင်ပြင်ကမ်းစပ်ကို
ရောက်ရမလဲနော်
သြော်မမြင်နိုင်တဲ့ကံတရား
မျက်လှည့်ပြလို့လှည့်စားရင်းချောက်ကမ်းပါးတစ်ခုထဲ
ခုန်မဆင်းရပါစေနဲ့ကွယ်
ဘဝဆိုတဲ့တိုက်ပွဲမှာမြင့်မားတဲ့တောင်ထိပ်ရောက်ဖို့
ကံကြမ္မာလှေကားတစ်စင်းလောက်ငှားပေးပါအုန်းကွယ်
တစ်ခါတစ်လေမှာပြုံးပျော်ဖို့
ကံတရားရယ်
အလှည့်ပေးလှည့်ပါအုန်း

No comments:

Post a Comment