အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Monday 14 January 2013

အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ

ဘ၀ဆိုတာ ဒီလိုပါပဲ

- ပျော်ရာမှာ မနေရပဲ တော်ရာမှာနေရတယ်
- လိုချင်တာမရပဲမလိုချင်တာရတတ်တယ်
- မခွဲချင်ပေမယ့်ခွဲရတယ် မသွားချင်ပေမယ့်သွားရတယ်
- ဖြစ်ချင်တိုင်းဖြစ်ခွင့်မရတဲ့ ခရီးသွားတွေ
- လိုအပ်ချက်တွေရှိနေမှသာ ဘ၀လို့ခေါ်ရမလား
- မျက်ရည်တွေနဲ့တည်ဆောက်ထားတဲ့ တောင်တက်လမ်းတစ်ခု

လိုချင်တာတွေရတယ်ဆိုပါတော့
သွားချင်တဲ့ခရီးတွေရောက်ခဲ့တယ်ဆိုပါတော့
ဖြစ်ချင်တဲ့ဘ၀တွေ ရနေတယ်ဆိုပါတော့
စားချင်တဲ့အစားအသောက်တွေစားဖူးတယ်ဆိုပါတော့
ဘယ်လိုပဲ လို . . တ . . ရ ပေမယ့်
အဆုံးသတ်ဟာ 
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဆိုတာလေးကို နှလုံးသွင်းထားကြစေချင်တယ် ။ 

သက်တန့်ချို

No comments:

Post a Comment