အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Saturday 26 January 2013

အိပ်ချိန် ခြောက်နာရီထက် လျော့နည်းသူများ

တစ်နေ့လျှင် အိပ်ချိန် ခြောက်နာရီထက် လျော့နည်းသူများ လေသင်တုံး ဖြတ်နိုင်ခြေ ပိုများကြောင်းတွေ့ရ

===================================

တစ်ညလျှင် ပုံမှန်အားဖြင့် ခြောက်နာရီထက် လျော့နည်းပြီး အိပ်သူများ သည် လေသင်တုံး ဖြတ်နိုင်သည့် အန္တရာယ်ပိုများသည်ဟု သုတေသနပြု လေ့လာမှု တစ်ခုက ဖေါ်ပြပါသည်။

အအိပ်အနေ နည်းသူ သက်လတ်ပိုင်း အရွယ်များသည် ကျန်းမာသော ကိုယ်အလေး ချိန်နှင့် မိသားစုမျိုးရိုးတွင် လေဖြတ်သော ရာဇဝင် မရှိစေကာမူ တစ်ညလျှင် အနည်းဆုံး ၉ နာရီ အိပ်သူများထက် ပို၍ လေသင်တုံးဖြတ်မည့် လက္ခဏာများ ခံစားရသည်ဟု သုတေသီများက ပြောသည်။အသက် ၄၅ နှစ် အရွယ်နှင့် ပင်စင်ယူရမည့် အသက်အရွယ် ကြားရှိ လူ ၅၀၀၀ ကို ၃ နှစ်ကြာ စောင့်ကြည့် လေ့လာခြင်းဖြင့် ယခုလို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

တစ်နေ့လျှင် ခြောက်နာရီထက် နည်းပြီး အိပ်စက်သူများသည် ကိုယ်တစ်ခြမ်း အားနည်းခြင်း သို့မဟုတ် ထုံထိုင်းခြင်း၊ မူးဝေတတ်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ ရုတ်တရက် စကားမပီသခြင်း၊ စာကောင်းစွာ မရေးနိုင်ခြင်းတို့ ကဲ့သို့သော လေဖြတ်မည့် လက္ခဏာများနှင့် ပိုမို ကြုံတွေ့ရ နိုင်သည်ဟု အဆိုပါ သုတေသန ရလဒ်ကဖေါ်ပြသည်။ ယင်းသုတေသန လုပ်ငန်းကို အမေရိကန်နိုင်ငံ အယ်လာဘားမား တက္ကသိုလ်မှ သိပ္ပံပညာ ရှင်များက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

---
Ref: health-article
http://on.fb.me/10U7k3z

No comments:

Post a Comment