အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Monday, 10 December 2012

အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)


လူဆိုတာ
ဘုရားတရားနှင့်ကင်းကွာ၍မရ၊
ဘုရားတရားနှင့် ကင်းကွာနေသောအချိန်သည်
မိုက်နေသောအချိန်ဖြစ်၏။
မိုက်နေလျှင် မည်းနေလိမ့်မည်။
မည်းနေလျှင် မှောင်နေလိမ့်မည်။
မှောင်ဟူသည် ကိလေသာအမှောင်ဖြစ်၏။
ကိလေသာအမှောင်ကျနေလျှင် အကုသိုလ်ဝင်နေခြင်း ဖြစ်၏။
လူတွေကတစ်စုံတစ်ခု ဒုက္ခရောက်မှ
အကုသိုလ်ဝင်တာဟု ခေါ်ကြ၏။
အမှန်က အကုသိုလ်တွေလုပ်၊
အကုသိုလ်တွေဖြစ်နေလျှင်
အကုသိုလ်ဝင်တော့တာပဲဖြစ်၏။
ဒုက္ခရောက်တာက အကုသိုလ်ဝင်တာမဟုတ်၊
အကုသိုလ်၏ အကျိုးဝင်ခြင်းဖြစ်၏။
ထိုအမိုက် အမည်း အမှောင်တွေ ပျောက်ဖို့ဆိုတာ
သဒ္ဓါတရားရှိနေမှ၊
သဒ္ဓါတရားဖြစ်နေမှ ပျောက်လိမ့်မည်။
သဒ္ဓါတရားရှိနေဖို့၊
ဘုရားတရားအလုပ်တစ်ခုခု လုပ်နေရမှ။
ဆုတ်ကပ်၌
အကောင်းတွေဆုတ်၊ အဆိုးတွေတိုး၊
အဆိုးတွေတက်လာသောအခါ
လူတွေ လောဘတွေကြီး၊
ဒေါသတွေကြီး၊
မောဟတွေကြီး၊
အတ္တတွေကြီး၊
မာနတွေကြီး၊
အာဃာတတွေကြီးနှင့်
ပိုပြီးတော့ စိတ်ညစ်ရ၊
ပိုပြီးတော့ စိတ်ရှုပ်ရ၊
ပိုပြီးတော့ ဦးနှောက်ခြောက်ကြရ၏။
ထို့ကြောင့် ရှုပ်သောစိတ်ကို ရှင်းစေနိုင်သော၊
နောက်သောစိတ်ကို ကြည်စေနိုင်သော
ဘာသာရေးအလုပ်၊
ဘုရားတရားအလုပ်ကို ပိုပြီးတော့ လုပ်ကြရမည်။

အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
လူဆိုတာ
ဘုရားတရားနှင့်ကင်းကွာ၍မရ၊
ဘုရားတရားနှင့် ကင်းကွာနေသောအချိန်သည်
မိုက်နေသောအချိန်ဖြစ်၏။
မိုက်နေလျှင် မည်းနေလိမ့်မည်။
မည်းနေလျှင် မှောင်နေလိမ့်မည်။
မှောင်ဟူသည် ကိလေသာအမှောင်ဖြစ်၏။
ကိလေသာအမှောင်ကျနေလျှင် အကုသိုလ်ဝင်နေခြင်း ဖြစ်၏။
လူတွေကတစ်စုံတစ်ခု ဒုက္ခရောက်မှ
အကုသိုလ်ဝင်တာဟု ခေါ်ကြ၏။
အမှန်က အကုသိုလ်တွေလုပ်၊
အကုသိုလ်တွေဖြစ်နေလျှင်
အကုသိုလ်ဝင်တော့တာပဲဖြစ်၏။
ဒုက္ခရောက်တာက အကုသိုလ်ဝင်တာမဟုတ်၊
အကုသိုလ်၏ အကျိုးဝင်ခြင်းဖြစ်၏။
ထိုအမိုက် အမည်း အမှောင်တွေ ပျောက်ဖို့ဆိုတာ
သဒ္ဓါတရားရှိနေမှ၊
သဒ္ဓါတရားဖြစ်နေမှ ပျောက်လိမ့်မည်။
သဒ္ဓါတရားရှိနေဖို့၊
ဘုရားတရားအလုပ်တစ်ခုခု လုပ်နေရမှ။
ဆုတ်ကပ်၌
အကောင်းတွေဆုတ်၊ အဆိုးတွေတိုး၊
အဆိုးတွေတက်လာသောအခါ
လူတွေ လောဘတွေကြီး၊
ဒေါသတွေကြီး၊
မောဟတွေကြီး၊
အတ္တတွေကြီး၊
မာနတွေကြီး၊
အာဃာတတွေကြီးနှင့်
ပိုပြီးတော့ စိတ်ညစ်ရ၊
ပိုပြီးတော့ စိတ်ရှုပ်ရ၊
ပိုပြီးတော့ ဦးနှောက်ခြောက်ကြရ၏။
ထို့ကြောင့် ရှုပ်သောစိတ်ကို ရှင်းစေနိုင်သော၊
နောက်သောစိတ်ကို ကြည်စေနိုင်သော
ဘာသာရေးအလုပ်၊
ဘုရားတရားအလုပ်ကို ပိုပြီးတော့ လုပ်ကြရမည်။


No comments:

Post a Comment