အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Friday 21 December 2012

ပြင်ဆင်သင့်တဲ့ အလုပ် တစ်ခုခု သို့မဟုတ် အဖြေရှိအောင် ရှာဖွေပါ။


(၁) ဘဝအစက ကိုယ် မသွားချင်တဲ့ နေရာကို မသွားချင်လည်း ရောက်ပါ လိမ့်မယ်။ သို့သော် မရေရာတဲ့ ကိုယ်လျှောက်လှမ်းသော ခရီးမှာ ချောက်ကမ်းပါး ရှိချင် ရှိလိမ့်မယ်။ မကြောက်ပါနဲ့ ရှေ့ဆက် ခရီးဆက် လာခဲ့ပါ။

(၂) နေ့စဉ် ကိုယ် ရင်ဆိုင်ရမည့် ပြဿနာဆိုတာ လူသားတိုင်းမှာ ရှိပါကြတယ်။ ဒါပေမဲ့ ဖြေရှင်းတတ်တဲ့ နည်းလမ်းကို အတက်နိုင်ဆုံး နေ့စဉ်ဘဝထဲ ရှာဖွေ ဖြေရှင်းပေးလိုက်ပါ။

(၃) မနေ့က အတိတ်က တစ်ခါတစ်ရံ ခွန်အားဖြစ်စေခဲ့ တစ်ခါတစ်ရံ အနာဂတ်ကို ချောက်လန့်နေသလို ဖြစ်နေမိရင် နောက်ဆုတ် အရှုံးပေး လိုက်တာမျိုး ဘဝမှာ တွေ့ကြုံလာရင် ကိုယ် လုပ်နေမြဲ အလုပ်ကို ဆက်လုပ်ဖို့ ကြိုးစားပါ။

(၄) ကိုယ် လုပ်ကိုင်နေတဲ့ အလုပ်ထဲမှာ နေသားမကျသေးလို့ အတွေ့ကြုံ မရင့်ကျက်သေးလို့ သူတစ်ပါးက ကိုယ့်ကိုယ် လမ်းညွန်ပေးရင် လက်ခံ လိုက်ပါ။

(၅) ကိုယ် ကျွမ်းကျင်လာလို့ ကိုယ် ကျွမ်းကျင်တဲ့ ကိုယ် တက်ထား သိထားတဲ့ အလုပ်ကို သူတစ်ပါး နားလည်နိုင်တဲ့အထိ စိတ်ရှည်ရှည်ထားပြီး ရှင်းပြပေးပါ။

(၆) ကိုယ် ကျွမ်းကျင်မှုကို သူတစ်ပါးက နားလည်လျင် အလုပ်နှင့် သက်သေ ပြဖို့ မမေ့ပါနဲ့။ သို့သော် အရင်ကထက် အလုပ် ပိုလုပ်ဖို့ လိုလိမ့်မယ်။

(၇) ကိုယ့် ကျွမ်းကျင်မှု အပြောနှင့် အလုပ်တွေ ဟန်ချက်ညီသော တနေ့ ကိုယ် ဖြစ်ချင်တဲ့ အောင်မြင်မှုဆိုတဲ့ နေရာ တစ်နေရာကို ရလာလျင် ကိုယ် နေခဲ့ဖူးတဲ့ အခြေခံ ဘဝကို မမေ့ပါနဲ့။ ကိုယ့်လို လူတွေကို လက်တွဲခေါ်ဖို့ ကြိုးစားပါ။

(၈) ဒါပေမဲ့ ကိုယ် အောင်မြင်မှု ရရှိလာတဲ့ အခိုက်တန့် တစ်ခုခုကို ယစ်မူး သွားလိမ့်မယ်။ ဒါမှမဟုတ် ရှေ့ဆက် ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းတွေ ရောက်လာပါလိမ့်မယ်။ တစ်ခုတော့ သတိထားရလိမ့်မယ်။ ကိုယ့် အောင်မြင် မှုရဲ့ အခြားတစ်ဖက်မှာ ဒွန်တွဲနေတဲ့ ပျက်စီးမှု တစ်ခုခုက မကြိုဆိုပဲ ရောက် လိမ့်မယ်။ ပြင်ဆင်သင့်တဲ့ အလုပ် တစ်ခုခု သို့မဟုတ် အဖြေရှိအောင် ရှာဖွေပါ။

တက္ကသိုလ်မြတ်မင်း

ဓါတ်ပုံ၊ မြန်မာ့ယဉ်ကျေးမှု ပုံဂံမြေ၏ ဆည်းဆာအလှ ဆေးရေးပန်းချီ
‎(၁) ဘဝအစက ကိုယ် မသွားချင်တဲ့ နေရာကို မသွားချင်လည်း ရောက်ပါ လိမ့်မယ်။ သို့သော် မရေရာတဲ့ ကိုယ်လျှောက်လှမ်းသော ခရီးမှာ ချောက်ကမ်းပါး ရှိချင် ရှိလိမ့်မယ်။ မကြောက်ပါနဲ့ ရှေ့ဆက် ခရီးဆက် လာခဲ့ပါ။

(၂) နေ့စဉ် ကိုယ် ရင်ဆိုင်ရမည့် ပြဿနာဆိုတာ လူသားတိုင်းမှာ ရှိပါကြတယ်။ ဒါပေမဲ့ ဖြေရှင်းတတ်တဲ့ နည်းလမ်းကို အတက်နိုင်ဆုံး နေ့စဉ်ဘဝထဲ ရှာဖွေ ဖြေရှင်းပေးလိုက်ပါ။

(၃) မနေ့က အတိတ်က တစ်ခါတစ်ရံ ခွန်အားဖြစ်စေခဲ့ တစ်ခါတစ်ရံ အနာဂတ်ကို ချောက်လန့်နေသလို ဖြစ်နေမိရင် နောက်ဆုတ် အရှုံးပေး လိုက်တာမျိုး ဘဝမှာ တွေ့ကြုံလာရင် ကိုယ် လုပ်နေမြဲ အလုပ်ကို ဆက်လုပ်ဖို့ ကြိုးစားပါ။

(၄) ကိုယ် လုပ်ကိုင်နေတဲ့ အလုပ်ထဲမှာ နေသားမကျသေးလို့ အတွေ့ကြုံ မရင့်ကျက်သေးလို့ သူတစ်ပါးက ကိုယ့်ကိုယ် လမ်းညွန်ပေးရင် လက်ခံ လိုက်ပါ။

(၅) ကိုယ် ကျွမ်းကျင်လာလို့ ကိုယ် ကျွမ်းကျင်တဲ့ ကိုယ် တက်ထား သိထားတဲ့ အလုပ်ကို သူတစ်ပါး နားလည်နိုင်တဲ့အထိ စိတ်ရှည်ရှည်ထားပြီး ရှင်းပြပေးပါ။

(၆) ကိုယ် ကျွမ်းကျင်မှုကို သူတစ်ပါးက နားလည်လျင် အလုပ်နှင့် သက်သေ ပြဖို့ မမေ့ပါနဲ့။ သို့သော် အရင်ကထက် အလုပ် ပိုလုပ်ဖို့ လိုလိမ့်မယ်။

(၇) ကိုယ့် ကျွမ်းကျင်မှု အပြောနှင့် အလုပ်တွေ ဟန်ချက်ညီသော တနေ့ ကိုယ် ဖြစ်ချင်တဲ့ အောင်မြင်မှုဆိုတဲ့ နေရာ တစ်နေရာကို ရလာလျင် ကိုယ် နေခဲ့ဖူးတဲ့ အခြေခံ ဘဝကို မမေ့ပါနဲ့။ ကိုယ့်လို လူတွေကို လက်တွဲခေါ်ဖို့ ကြိုးစားပါ။

(၈) ဒါပေမဲ့ ကိုယ် အောင်မြင်မှု ရရှိလာတဲ့ အခိုက်တန့် တစ်ခုခုကို ယစ်မူး သွားလိမ့်မယ်။ ဒါမှမဟုတ် ရှေ့ဆက် ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းတွေ ရောက်လာပါလိမ့်မယ်။ တစ်ခုတော့ သတိထားရလိမ့်မယ်။ ကိုယ့် အောင်မြင် မှုရဲ့ အခြားတစ်ဖက်မှာ ဒွန်တွဲနေတဲ့ ပျက်စီးမှု တစ်ခုခုက မကြိုဆိုပဲ ရောက် လိမ့်မယ်။ ပြင်ဆင်သင့်တဲ့ အလုပ် တစ်ခုခု သို့မဟုတ် အဖြေရှိအောင် ရှာဖွေပါ။

တက္ကသိုလ်မြတ်မင်း

ဓါတ်ပုံ၊ မြန်မာ့ယဉ်ကျေးမှု ပုံဂံမြေ၏ ဆည်းဆာအလှ ဆေးရေးပန်းချီ

No comments:

Post a Comment