- လွယ်အိတ်ထဲ ပန်းသီးထည့်ပါ
ဘယ်သွားသွား သင်သွားလေရာ သင့်ပခုံးထက်မှာပါမယ့် အိတ်ထဲမှာ ပန်းသီးထည့်ထားပါ။ တစ်နေ့ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေရတယ်ဆိုတဲ့ စကားက မှန်ပါတယ်။ ပန်းသီးမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားတဲ့ အမျိုးသမီး တွေဟာ လုံးဝမစားသူတွေထက် ဆီးချိုသွေးချို ရောဂါဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ တကယ်လို့ ပန်းသီးကို အခွံပါစားပေးမယ်ဆိုရင် အင်တီအောက်ဆီးဒင့်ဖလေဗိုးနွိုက်ရရှိကာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးမှာ လိမ္မော်သီးမှာထက် အိုမင်းမှုကို တားဆီးပေးနိုင်တဲ့ ဗီတာမင်စီ ပိုမိုပါဝင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ Malic acid အင်ဇိုင်းဟာ သဘာဝ သွားဖြူစေတဲ့ အစွမ်းရှိပါတယ်။
No comments:
Post a Comment