လူနှစ်မျိုး ................
(၁) နွားနို့နှင့်တူသော လူ
(၂) သစ်သီးနှင့်တူသော လူ တို့ပင်ဖြစ်ပါသည်။
နွားနို့နှင့်တူသော လူ - - -
နွားနို့နှင့်တူသော လူ ဆိုသည်ကား နွားနို့သည် ပူပြင်းသောနေရှိန်ဒဏ်ကိုခံရလျှင်
ခဏချင်းသိုးပုပ် သွားသကဲ့သို့ စိတ်ဓာတ်ပျော့ညံ့သော ပုဂ္ဂိုလ်သည်
ပျက်စီးဆုံးရှုံးမှု မအောင်မြင်မှုတို့နှင့် တစ်ကြိမ် တစ်ခါ
ကြုံတွေ့လိုက်ရလျှင် တစ်ခါတည်း စိတ်ဓာတ်ကျသွားပြီး တစ်သက်လုံး
လူညွှန့်တုံးခံ လိုက် လေတော့သည်။ပြန်လည်တိုးတက်အောင်မြင်ရန် လုံးဝမကြိုးစားတော့ပေ။တိုးတက်ကြီးပွား လိုသူမှန်က ဤပျော့ညံ့သောစိတ်ကို မိမိသန္တာန့်၌ လက်မခံသင့်ပေ။
သစ်သီးနှင့်တူသော လူ - - -
သစ်သီးနှင့်တူသောလူ ဆိုသည်ကား သစ်သီးသည် နေ၏အပူရှိန်ကိုခံရလေ ပိုမို၍မှည့်ဝင်း လာလေဖြစ်သကဲ့သို့ စိတ်ဓာတ်ခိုင်မာသော ပုဂ္ဂိုလ်သည် ပျက်စီးဆုံးရှုံးမှု မအောင်မြင်မှုတို့နှင့် ကြုံရလေ ပိုမို၍ ကြိုးစားလေဖြင့် နောက်ဆုံးတွင် အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်ရလေတော့ သည်။
ထို့ကြောင့် -
"ပျက်စီးဆုံးရှုံးမှုနှင့် မအောင်မြင်မှုသည် စိတ်ဓာတ်ခိုင်မာသော ပုဂ္ဂိုလ်အတွက် အားဆေးဖြစ်၏
စိတ်ဓာတ်ပျော့ညံ့သော ပုဂ္ဂိုလ်အတွက်ကား ၀မ်းနှုတ်ဆေးဖြစ်၏"
ဟူ၍ အကျဉ်းချုပ်မှတ်ထားသင့်သည်။
*** ဆရာတော် အရှင် ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ) ၏ ဘ၀ဆိုတာ ကိုယ်အရှုံးပေးမှရှုံးတာပါ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည် ***
~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာ ရွှင်လန်း ငြိမ်းအေးနိုင်ကြပါစေ ~~~
(၁) နွားနို့နှင့်တူသော လူ
(၂) သစ်သီးနှင့်တူသော လူ တို့ပင်ဖြစ်ပါသည်။
နွားနို့နှင့်တူသော လူ - - -
နွားနို့နှင့်တူသော လူ ဆိုသည်ကား နွားနို့သည် ပူပြင်းသောနေရှိန်ဒဏ်ကိုခံရလျှင
သစ်သီးနှင့်တူသော လူ - - -
သစ်သီးနှင့်တူသောလူ ဆိုသည်ကား သစ်သီးသည် နေ၏အပူရှိန်ကိုခံရလေ ပိုမို၍မှည့်ဝင်း လာလေဖြစ်သကဲ့သို့ စိတ်ဓာတ်ခိုင်မာသော ပုဂ္ဂိုလ်သည် ပျက်စီးဆုံးရှုံးမှု မအောင်မြင်မှုတို့နှင့် ကြုံရလေ ပိုမို၍ ကြိုးစားလေဖြင့် နောက်ဆုံးတွင် အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်ရလေတော့ သည်။
ထို့ကြောင့် -
"ပျက်စီးဆုံးရှုံးမှုနှင့် မအောင်မြင်မှုသည် စိတ်ဓာတ်ခိုင်မာသော ပုဂ္ဂိုလ်အတွက် အားဆေးဖြစ်၏
စိတ်ဓာတ်ပျော့ညံ့သော ပုဂ္ဂိုလ်အတွက်ကား ၀မ်းနှုတ်ဆေးဖြစ်၏"
ဟူ၍ အကျဉ်းချုပ်မှတ်ထားသင့်သည်။
*** ဆရာတော် အရှင် ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ) ၏ ဘ၀ဆိုတာ ကိုယ်အရှုံးပေးမှရှုံးတာပါ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည် ***
~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာ ရွှင်လန်း ငြိမ်းအေးနိုင်ကြပါစေ ~~~
No comments:
Post a Comment