အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 11 December 2012

" မြန်မာတို့အတွက် ကဗျာတစ်ပုဒ် " - မင်းသုဝဏ်


" မြန်မာတို့အတွက် ကဗျာတစ်ပုဒ် " - မင်းသုဝဏ်
~~~~~~~~~~~~~~~~~~

'ငါ' သာလျှင် တော် ၊ 'သူ' မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်
နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

အကောင်း, ဆိုးထင် ၊ ဆိုး, ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

'သူ့'ကို ငါညှိုး ၊ 'ငါ့' သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ညည်း၍ မပြီး ၊ ညူ, မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊

- ( ဆရာကြီးမင်းသုဝဏ် )

* ၂၀၁၁- ခုနှစ်က ဗုဒ္ဓဘာသာလူငယ်များအသင်း Page တွင် ဖော်ပြ
ပေးပြီးခဲ့သော ဤကဗျာကို မြန်မာတို့အတွက် အသိအလိမ္မာတိုးစေသဖြင်
များများမျှဝေအသိအမြင် Share ပေးနိုင်ပါသည်။ Share ကြရန်လည်း
မေတ္တာရပ်ခံပါသည်။ *

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာ)
‎" မြန်မာတို့အတွက် ကဗျာတစ်ပုဒ် " - မင်းသုဝဏ်
~~~~~~~~~~~~~~~~~~

'ငါ' သာလျှင် တော် ၊ 'သူ' မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်
နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

အကောင်း, ဆိုးထင် ၊ ဆိုး, ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

'သူ့'ကို ငါညှိုး ၊ 'ငါ့' သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ညည်း၍ မပြီး ၊ ညူ, မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊

- ( ဆရာကြီးမင်းသုဝဏ် )

No comments:

Post a Comment