အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Friday 7 December 2012

တခါတခါ နင့်ကြောင့် အပြစ်မရှိတဲ့ အချစ်ဆိုတာကို ငါ မုန်းတတ်ချင်လာတယ်ဟာ...။

သစ္စာတွေ ခြစားပြီး
မေတ္တာတွေ အိပ်မောကြတဲ့ခါ
အချစ်ဆိုတဲ့ တန်ဖိုးတွေပြောင်းလဲ လာကြတယ်....

အရမ်းချစ်လို့ သ၀န်တိုပြရင်
အတ္တကြီးတဲ့သူလို့ မြင်လာတယ်

စိုးရိမ်တတ်လို့ ဂရုစိုက်ပြရင်
လွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့သူလို့ မြင်လာတယ်

အမှားတွေ လုပ်မိမှာစိုးလို့ အမှန်ကိုထောက်ပြရင်
နေရာတကာ ဆရာကြီး လုပ်သူလို့ မြင်လာတယ်...

သတိရလို့ လွမ်းတယ်ပြောခဲ့ရင်
အပိုတွေ ဆိုပြီး မြင်လာတယ်

နောက်ဆုံး
ကိုယ့်ချစ်သူကို  ချစ်ပါတယ်လို့ တဖွဖွပြောမိတာတောင်
ရူးသွားတာလားဆိုပြီး ပြောလာတယ်...

တကယ်တော့ 
အချစ်က အပြစ်မဟုတ်ဘူး
လူတွေကိုယ်၌က အပြောင်းအလဲ  မြန်လွန်းတယ်...

တခါတခါ 
နင့်ကြောင့်
အပြစ်မရှိတဲ့ အချစ်ဆိုတာကို  ငါ မုန်းတတ်ချင်လာတယ်ဟာ...။

(လွမ်းဝေ)

No comments:

Post a Comment