အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Wednesday 12 December 2012

ကျမရဲ့ နောင်တ

ကျမတို့ ရပ်ကွက်ထဲမှာအီကြာကွေးကြော်ရောင်းသောလင်မယားတစုံရှိတယ်။ ကျမကသူတို့ စရောက်တုန်းက အမျိုးသမီးအတွက်သနပ်ခါးဘူးပေးခဲ့ဘူးသောကြောင့်မျက်မှန်းတန်းမိတယ်။ သူတို့ လင်မယားအဆင်မပြေတုန်းကဆိုပါတော့။ ပထမပိုင်းတော့အမျိုးသမီးကအတော်ရုပ်ဆိုးဆိုးအသားကလဲမဲတော့သူတို့ ကိုလက်ခံသော
သူများကပိုက်ဆံမရှိလျှင်အိမ်တိုင်းတွင်အ၀တ်လိုက်လျှော်ရန်အကြံပေးဘူးခဲ့တယ်လို့ ကျမကိုပြန်ပြောပြဘူးတယ်။
ပြီးတော့သူကဆရာမဖြစ်ကြောင်းကိုလဲပြောပြတယ်။ သူမဘာပြောပြောကျမဘာမှပြန်မပြောဘဲပြုံးပြုံးလေးနေခဲ့ဘူးလို့ ဖြစ်မယ် ကျမကိုခင်တယ်။ သူ့ တို့ မုန်လုံးကြီးကျော်အရင်ရောင်းတယ်။ နေ့ လည်နှစ်နာရီလောက်မှစရောင်းတာ။ မုန့် လုံးကြီးပြီးတော့ မုန့် လက်ကောက်၊ နောက်တော့စုံစီနဖာအကြော်စုံရောင်းလာတယ်။ 
သူ့ အမျိုးသားကအီကြာကွေးလုပ်တဲ့ဆိုင်မှာမုန့် လုပ်နည်းကိုသင်ခဲ့တယ်။ မုန့် နယ်နည်း၊ မုန့် ကျော်နည်းအစုံတွေကိုသင်တာ။ တော်ပါတယ်။ ကျမအိမ်နားရောက်တိုင်းအော်လွန်းလို့ ကျမသူ့ ကိုမအော်ဘို့ လဲခဏခဏပြောမိတယ်။ သူကတော့ရီလို့ မောလို့ ပြန်ပြောတတ်တယ်။ သူအော်တဲ့အချိန်ကလဲ မနက်မိုးလင်း ခြောက်နာရီခွဲနဲ့ ခုနစ်နာရီကြားထဲမှာ။ နှစ်ချိန်ရောင်းတာလေ။ နေ့ လည်တချိန်မှာ မုန့်် လုံးကြီးစတဲ့အကြော်မျိုးစုံ နဲ့ မနက်ပိုင်း အီကြာကွေး ဆီထမင်း ကောက်ညှင်းပေါင်း ဘိန်းမုန့် သူ အီကြာကွေးသင်နေတဲ့အချိန်တွေမှာရောင်းတာပါ။ 
ဈေးအော်ရောင်းရင်းနဲ့ ရပ်ကွက်တော်တော်စုံသွားရတော့ သူလဲမျက်စိပွင့်လာတာဖြစ်မယ်။ ၀က်မွေးဘို့ စလုပ်တယ်။ ဈေးရောင်းကလဲမပျက်ဘူး။ ၀က်လဲထပ်မွေးနေသေးတယ်။ အိမ်တောင်ဝယ်လိုက်လို့ အိမ်ပိုင်လေးနဲ့ ဖြစ်သွားပြီ။ 
အီကြာကွေးသင်ဆရာကတခြားနယ်ကိုပြောင်းသွားတော့ သူ့ အတွက်အဆင်ပြေဘို့ ဖြစ်လာတာ။ သူအီကြာကွေးကိုကိုယ်တိုင်ကျော်ရောင်းတယ်။ ပထမတော့သူ ကမုန့် နယ်တယ်။ ကျော်တာကတယောက်ငှားတယ်။ အခုတော့ သူကမုန့် နယ် သူ့ မိန်းမကကျော်ဖြစ်နေပြီ။ သူများကိုပေးမယ့်ပိုက်ဆံစုထားလိုက်တယ်လို့ ပြောပြတယ်။ မနက်တခါတလေမှာကျမ၀ယ်စားဖြစ်တယ်။ ကျမ၀ယ်တိုင်း ဈေးဦးပေါက်ဆိုပြီးအန်းစရာပိုက်ဆံမရှိလို့ ဆိုပြီး ပိုပိုယူသွားတတ်တယ်။ နေ့ လည်မှ ကျမကသူ့ အိမ်မှာသွားပြန်ယူရတယ်။ အမြဲတမ်းလိုလိုအဖြစ်အပျက်တခုဖြစ်နေသလိုမျိုး။
တနေ့ ကျမကသူ့ အမျိုးသမီးနဲ့ တွေ့ ပြီးနောက်ချင်စိတ်ပေါ်လာတာနဲ့ နင့်ယောင်္ကျားကငါ့ပိုက်ဆံဆိုအမြဲပိုယူတယ် ဘယ်တော့မှမယူဘဲမသွားဘူး ဘာညာနဲ့ ပြောတော့ ကျမကို ပိုက်ဆံပြန်အမ်းဘို့ သူ့ မှာလဲပိုက်ဆံမရှိသေးတဲ့အကြောင်းပြောလို့ ကျမက ရပါတယ် ထားလိုက်ပါဆိုပြီး သူတို့ အိမ်ဘေးကမုန့် ဆိုင်မှာဝင်ထိုင်နေလိုက်တယ်။ ခဏကြာတော့ အမျိုးသမီးရောက်လာပြီး ရော့ နင့်ပိုက်ဆံဆိုပြီးလာပေးတယ် ငါလဲသွားရှာလာတာတဲ့ နင့်ကိုပေးချင်လို့ တဲ့ အဲ့ဒီအချိန်မှာဘဲ သူ့ ယောင်္ကျားကရောက်လာရော ငါနင့်အကြွေးပြန်ပေးနေရတာတဲ့ဆိုတော့ သူ့ ယောင်္ကျားကအမမနက်ကကျနော်လာမရောင်းပါဘူးတဲ့  အမမှားနေပြီနဲ့ တူတယ် ဆိုပြီးပြောရော။ ကျမမျက်နှာပူလိုက်ရတာလေ။ ကျမဘယ်လိုမှပြန်ဖြေရှင်းလို့ မရတော့ဘူး။ ကျမအတွက်တော့လူလိမ်တယောက်ဖြစ်သွားပါပြီ။ ကျမရဲ့ နောက်ချင်စိတ်တခုက သူတို့ လင်မယားနှစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ သွားတော့ ကျမမှာဖြေရှင်းချက်ဘာမှမရှိဘဲ လူလိမ်တယောက်ဖြစ်သွားပါတယ်။ ကျမရဲ့ နောက်ချင်စိတ်က ကျမရဲ့ အမှားဖြစ်သွားပါပြီ။ နောက်နောင်ဘယ်တော့မှ အဲ့ဒီလို မနောက်တော့ဘူးလို့ လဲ နောင်တကြီးစွာနဲ့ ဆုံးဖြတ်ချက်ချလိုက်မိတယ်။ ကျမလို အဖြစ်အပျက်မျိုးကို သင်ခန်းစာယူပြီး မနောက်မိကြဘို့ ရည်ရွယ်ပြီးရေးသားတင်ပြလိုက်တာပါ။ အမှားပါခဲ့ရင်လဲခွင့်လွှတ်ကြပါလို့ တောင်းပန်ပါတယ်ရှင်။

No comments:

Post a Comment