အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Wednesday, 26 December 2012

ငါ နင့်ကို ရင်နင့်အောင် ဆက်၍ချစ်နေမယ်...

ငါမငိုပါဘူး
နင့်ကို လွမ်းလို့ကျခဲ့တဲ့ မျက်ရည်တွေအတွက်
သတိတရနဲ့ ရယ်မောခြင်းတွေမှာ
ငါ ပျော်ရွှင်တယ်...။

ငါမညည်းတွားပါဘူး
နီးစပ်ခွင့်မရှိသေးတဲ့ ကံကြမ္မာအတွက်
ချစ်နေခွင့်ရတဲ့ အခိုက်အတန့်လေးကို
ငါ ကျေနပ်တယ်...။

ငါစိတ်မပျက်ပါဘူး
သ၀န်တိုလို့ ရန်ဖြစ်ကြတဲ့နေ့ရက်တွေအတွက်
စိတ်ကောက်ပြေပြီး ကြည်နူးရတဲ့ဘ၀လေးကို
ငါ မြတ်နိုးတယ်..။

ငါ ဂရုမစိုက်ပါဘူး
နင့်အကြောင်းပြောတဲ့ မလိုဘေးစကားတွေအတွက်
ယုံကြည်မှု့တွေနဲ့ တည်ဆောက်ထားတဲ့ ငါတို့အချစ်တွေကို
ငါ တန်ဖိုးထားတယ်..။

ငါ မတွေးထားပါဘူး
ကံစီမံရာ အဆိုးအကောင်းတွေအတွက်..
နှစ်ကိုယ်တူ ဘ၀လေးတည်ဆောက်ဖို့
ငါ အားတင်ထားတယ်...။

ငါ မစဉ်းစားချင်ပါဘူး
ကြိုတင် သိခွင့်မရတဲ့ အနာဂတ်မျှော်လင့်ချက်တွေအတွက်..
ချစ်ခွင့်ရတဲ့ဘ၀မှာ နောင်တ မရှိတဲ့ အချစ်တွေနဲပဲ
ချစ်သူရေ..
ငါ နင့်ကို ရင်နင့်အောင် ဆက်၍ချစ်နေမယ်...။




(လွမ်းဝေ)
 
ငါမငိုပါဘူး
နင့်ကို လွမ်းလို့ကျခဲ့တဲ့ မျက်ရည်တွေအတွက်
သတိတရနဲ့  ရယ်မောခြင်းတွေမှာ
ငါ ပျော်ရွှင်တယ်...။

ငါမညည်းတွားပါဘူး
နီးစပ်ခွင့်မရှိသေးတဲ့  ကံကြမ္မာအတွက်
ချစ်နေခွင့်ရတဲ့ အခိုက်အတန့်လေးကို
ငါ ကျေနပ်တယ်...။

ငါစိတ်မပျက်ပါဘူး
သ၀န်တိုလို့ ရန်ဖြစ်ကြတဲ့နေ့ရက်တွေအတွက်
စိတ်ကောက်ပြေပြီး ကြည်နူးရတဲ့ဘ၀လေးကို
ငါ မြတ်နိုးတယ်..။

ငါ ဂရုမစိုက်ပါဘူး
နင့်အကြောင်းပြောတဲ့ မလိုဘေးစကားတွေအတွက်
ယုံကြည်မှု့တွေနဲ့ တည်ဆောက်ထားတဲ့ ငါတို့အချစ်တွေကို
ငါ တန်ဖိုးထားတယ်..။

ငါ မတွေးထားပါဘူး
ကံစီမံရာ အဆိုးအကောင်းတွေအတွက်..
နှစ်ကိုယ်တူ ဘ၀လေးတည်ဆောက်ဖို့
ငါ အားတင်ထားတယ်...။

ငါ မစဉ်းစားချင်ပါဘူး
ကြိုတင် သိခွင့်မရတဲ့ အနာဂတ်မျှော်လင့်ချက်တွေအတွက်..
ချစ်ခွင့်ရတဲ့ဘ၀မှာ နောင်တ မရှိတဲ့ အချစ်တွေနဲပဲ
ချစ်သူရေ..
ငါ နင့်ကို ရင်နင့်အောင် ဆက်၍ချစ်နေမယ်...။




(လွမ်းဝေ)

No comments:

Post a Comment