အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Sunday, 16 December 2012

ဝဋ် ၃ ပါး




"ဝဋ္ဋ" သဒ္ဒါသည် စက်ဘီးများ ချာချာလည်သလို
"လည်ပတ်ခြင်း" အနက်ကိုဟော၏။ ထို့ကြောင့်
"အကြောင်းပြီးလျင် အကျိုး အကျိုးပြီးလျင်အ
ကြောင်း " ဟု အကြောင်းအကျိုးမပြတ်ဘဲ ဆက်
ကာဆက်ကာလည်ပတ်နေသော ပဋိစ္စသမုပ္ပါဒ်တ
ရားကို "ဝဋ္ဋ=ဝဋ်" ဟုခေါ်၏။

ကိလေသဝဋ်= အဝိဇ္ဇာ တဏှာ ဥပါဒါန်

ကမ္မဝဋ် = ကမ္မဘဝ သင်္ခါရ။

ဝိပါကဝဋ်=ဥပပတ္တိဘဝ ဝိညာဏ် နာမ်ရုပ် သဠာယ
တန ဖဿ ဝေဒနာ ဇာတိ ဇရာမရဏ။

အဝိဇ္ဇာ တဏှာနှင့် ဥပါဒါန်တို့သည် ကိလေသာတ
ရားများဖြစ်ကြသဖြင့် ကိလေသဝဋ်မည်၏။

ကမ္မဘဝဟူသည် ဘဝတစ်စိတ်နှင့် သင်္ခါရတို့သည်
ကံတရားချည်းဖြစ်ကြသောကြောင့် ကမ္မဘဝမည်
၏။

ဥပပတ္တိဘဝဟူသော ဘဝတစ်စိတ်နှင့် ဝိညာဏ်
နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာ
မရဏတို့သည် ကံ၏အကျိုးတရားမျာဖြစ်ကြသော
ကြောင့်ဝိပါကဝဋ်မည်၏။

ကိလေသဝဋ်ရှိလျင် ကမ္မဝဋ်မုချ ဖြစ်၏။ ကမ္မဝဋ်ရှိ
လျင် ဝိပါကဝဋ် အမြဲဖြစ်၏။ ဝိပါကဝဋ်ဟူသည့်ဝေဒ
နာရှိလျင် တဏှာစသော ကိလေသဝဋ်ဖြစ်ပြန်၏။
ဤသို့ အကြောင်းအကျိုး ဆက်စပ်လျက် ပတ်ချာ
လည်နေသောတရားတို့ကို"ဝဋ်" ဟုခေါ်ဆိုရ၏။

ဒေါက်တာမင်းတင်မွန်၏ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်မှ
ကူးယူဖော်ပြပါသည်။

No comments:

Post a Comment