အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 11 December 2012

ဘာ့ကြောင့်လဲ မသိဘူးဟာ ခုတလော နင့်ကို ခဏခဏ လွမ်းတယ်...။


တကယ်ပါပဲ
မျှော်လင့်ချက်တွေ မရှိတော့ဘူးဆိုတာ သိနေရက်နဲ့တောင်
နင့်အတွက်နဲ့ မနက်ဖြန်တွေ ရှိနေစေချင်သေးတယ်
..............
................
ဘာ့ကြောင့်လဲ မသိဘူးဟာ
ခုတလော နင့်ကို ခဏခဏ လွမ်းတယ်...။
ရှိုက်ကြီး တငင် ငိုခဲ့မိတာ
မဟုတ်ပေမယ့်
ငါကျခဲ့တဲ့ မျက်ရည်တစက်က
ပေါ့ပျက်ပျက်မဟုတ်တာတော့
သေချာတယ်....
မနက်ဖြန်တွေ မျက်ရည်မကျဖို့
နင့်ကိုမေ့နိုင်အောင် ကြိုးစားရဦးမယ်...။

နှစ်တွေ အကြာကြီးချစ်ခွင့်
မရခဲ့ပေမယ့်
ငါနင့်အပေါ်ထားရှိခဲ့တဲ့ လေးနက်မှု့က
ပုတ်သင်ညိုတကောင်လို အရောင်မပြောင်းတတ်တာတော့
သေချာတယ်...
သတိရတဲ့စိတ်တွေ မေ့ထားဖို့ဆိုတာ
အချိန်တွေနဲ့ ကုစားရဦးမယ်...။

နင့်ကို မခွဲနိုင်ဘူးဆိုတာ
သိနေပေမယ့်
မနက်ဖြန်တိုင်းမှာ
နင့်ကို ပျော်ရွှင်စေချင်ခဲ့တာ
သေချာတယ်...
ကျောခိုင်းသွားတဲ့ ခြေလှမ်းတွေ ပိရိဖို့
ဟန်ဆောင် အပြုံးတွေ
အသက်ဝင်လာအောင် သင်ယူရဦးမယ်...

တကယ်ပါပဲ
မျှော်လင့်ချက်တွေ မရှိတော့ဘူးဆိုတာ သိနေရက်နဲ့တောင်
နင့်အတွက်နဲ့ မနက်ဖြန်တွေ ရှိနေစေချင်သေးတယ်
..............
................
ဘာ့ကြောင့်လဲ မသိဘူးဟာ
ခုတလော နင့်ကို ခဏခဏ လွမ်းတယ်...။


(လွမ်းဝေ)

No comments:

Post a Comment