အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Monday 3 December 2012

" ပန်းနုရောင်အို "


" ပန်းနုရောင်အို "
 

တစ်နေ့ကလျှင်  
ရိုးမမောဆွေ ၊ တောင်ကြောကပြန်
တင့်ပာန်ပွင့်ကြွ ၊ အစ်ကိုအလှကြိုက်
ပန်းစိုက်ဖို့ရာ ၊ လက်ဆောင်ပါတဲ့
ခက်ဖြာချယ်ရီ နီစွေးလျ ။


စိမ့်ကြွေလဲ့ဝင်း
ပယင်းပြောက်အိုး ၊ စိုက်ထိုးထားလိုက်
လရောင်ရိုက်လိုက် ၊ နေရောင်တိုက်လိုက်
ငိုက်လျော့ညွတ်ဆင်း ၊ ချယ်ရီသင်းခြောက်
အောက်သို့ပျော့ခ ၊ ညိုနီစ
ဖြူလွရောမွ ၊ ဆွတ်သနီမြန်း
ပန်းနုရောင်ပြေး ညံ့သွေးလျ ။


အော် . . . သူနှင့်ဝေးခဲ့
ပြေးလွှားနှစ်များ ၊ ကုန်လွန်သွားမှ
မနေ့ကလျှင် ၊ ငါ့ထံဝင်၍
တွေ့ကြသောခါ ၊ ရပ်လာစားပွဲဘေး
နီစွေးချယ်ရီ ၊ ယှဉ်မှီရပ်ရင်း
သင်းမြရနံ့ ၊ လှိုင်ပျံ့မွှေးထုံ
ရင်ခုန်တစ်ခါ ဖိုရပြန် ။


ရယ်သံ ပာင့်သံ
ကြည့်ပာန်ပြုံးပာန် ၊ ခုပာန်ညုပာန်
ကျန်သေးသည်ကို ၊ အိုနုပျိုရင့်
သူနှင့်ချယ်ရီ ၊ ရီဝေယစ်သန်း
ပန်းနုရောင်အို ။


ဒဂုန်တာရာ

တစ်နေ့ကလျှင်
ရိုးမမောဆွေ ၊ တောင်ကြောကပြန်
တင့်ပာန်ပွင့်ကြွ ၊ အစ်ကိုအလှကြိုက်
ပန်းစိုက်ဖို့ရာ ၊ လက်ဆောင်ပါတဲ့
ခက်ဖြာချယ်ရီ နီစွေးလျ ။
စိမ့်ကြွေလဲ့ဝင်း
ပယင်းပြောက်အိုး ၊ စိုက်ထိုးထားလိုက်
လရောင်ရိုက်လိုက် ၊ နေရောင်တိုက်လိုက်
ငိုက်လျော့ညွတ်ဆင်း ၊ ချယ်ရီသင်းခြောက်
အောက်သို့ပျော့ခ ၊ ညိုနီစ
ဖြူလွရောမွ ၊ ဆွတ်သနီမြန်း
ပန်းနုရောင်ပြေး ညံ့သွေးလျ ။
အော် . . . သူနှင့်ဝေးခဲ့
ပြေးလွှားနှစ်များ ၊ ကုန်လွန်သွားမှ
မနေ့ကလျှင် ၊ ငါ့ထံဝင်၍
တွေ့ကြသောခါ ၊ ရပ်လာစားပွဲဘေး
နီစွေးချယ်ရီ ၊ ယှဉ်မှီရပ်ရင်း
သင်းမြရနံ့ ၊ လှိုင်ပျံ့မွှေးထုံ
ရင်ခုန်တစ်ခါ ဖိုရပြန် ။
ရယ်သံ ပာင့်သံ
ကြည့်ပာန်ပြုံးပာန် ၊ ခုပာန်ညုပာန်
ကျန်သေးသည်ကို ၊ အိုနုပျိုရင့်
သူနှင့်ချယ်ရီ ၊ ရီဝေယစ်သန်း
ပန်းနုရောင်အို ။


ဒဂုန်တာရာ

No comments:

Post a Comment