အလည်လာရောက်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ

Tuesday 4 December 2012

MegaTypers.com မှာ ငွေတွင်းရှိတယ်


MegaTypers ဆိုတာကတော့ Typing လုပ်ပေးပြီး ၀င်ငွေရှာရတဲ့ ၀က်ဘ်ဆိုက်တစ်ခုပါ။ အလုပ်လုပ်ဖို့အတွက် အင်တာနက်လိုင်းရှိနေ ဖို့တော့ လိုပါတယ်။ တချို့အလုပ်လုပ်တဲ့ဆိုက်တွေက ပထမတော့ အခမဲ့ဝင်ငွေရှာနိုင်သလိုလို ဘာလိုလိုနဲ့ လက်တွေ့ Register လုပ်ပြီး တဲ့အခါမှာ တစ်လ၀င်ငွေရှာဖို့အတွက် ဘယ်လောက်ပေးရမယ်ဆိုပြီး တောင်းလေ့ရှိပါတယ်။ ဘယ့်နှယ် ပိုက်ဆံမရှိလို့ ၀င်ငွေရှာပါတယ် ဆိုမှ ပိုက်ဆံတောင်းတဲ့ဆိုက်နဲ့တွေ့ရတယ်လို့။
            MegaTypers ကတော့ လုံးဝလုံးဝ အခမဲ့ပါ။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ၀င်ငွေရတဲ့ဆိုက်လည်းဖြစ်ပါတယ်။ ဒါပေ မယ့် Register လုပ်ဖို့အတွက်တော့ Member ဖြစ်နေပြီးသားလူက Invitation Code ပေးမှ ၀င်လို့ရပါမယ်။

ဘာတွေလုပ်ရသလဲ
            သိပ်ကိုလွယ်ပါတယ်။ စာရိုက်ပေးရုံပါပဲ။ အင်္ဂလိပ်လက်ကွက်တော့ ကျွမ်းကျွမ်းကျင်ကျင်ရိုက်တတ်ဖို့လိုပါတယ်။ စကားလုံး တစ်ထောင်အတွက် ၁ ဒေါ်လာကျော်ကျော် ပေးနေပါတယ်။ အင်္ဂလိပ်စကားကျွမ်းကျင်စရာမလိုပါဘူး။ စကားလုံးတစ်လုံးအတွက် ၁၅ စက္ကန့်အချိန်အတွင်းမှာ မှန်မှန်ကန်ကန်ရိုက်ထည့်ပေးရုံပါပဲ။ စကားလုံးတစ်လုံးဆိုတာက ဥပမာ International ဆိုတဲ့စကားလုံးဆိုရင် တစ်လုံးအဖြစ်သတ်မှတ်တာကိုပြောတာပါ။ ၅ စက္ကန့်ခြားတစ်ကြိမ် စကားလုံးတွေ ချပေးပါတယ်။ စကားလုံးတွေကို Image ပုံရိပ်အနေနဲ့ ချပေးလိုက်တာကို ကိုယ်က အောက်ကအကွက်ထဲမှာ မြင်တဲ့အတိုင်း မှန်မှန်ကန်ကန်ရိုက်ထည့်ပေးဖို့ပါပဲ။ ရိုက်ထည့်ပြီးတာနဲ့ Enter ခေါက် ဒါမှမဟုတ် Submit Answer ခလုတ်ကိုနှိပ်လိုက်ရုံပါပဲ။ ပုံမှာကြည့်ပါ။


စည်းကမ်းချက်တွေ
            ပေါက်ကရတွေ ရိုက်ထည့်လိုက်ရင်တော့ အကောင့်ကို ရာသက်ပန်ဘမ်းလိုက်မှာဖြစ်ပါတယ်။ သိပ်ကိုခက်ခဲပြီး ကြည့်လို့ကို မသိနိုင်တဲ့ပုံရိပ်တွေအတွက် ဆိုရင်တော့ Don't Know ဆိုတဲ့ခလုတ်ကို နှိပ်ခွင့်ရှိပါတယ်။ အမြဲတမ်း Don't Know လုပ်နေရင်လည်း အကောင့်ကိုဘမ်းလိုက်ပါလိမ့်မယ်။ ၁၅ စက္ကန့်အတွင်း ရိုက်လို့မပြီးတာတွေ သိပ်များလာရင်လည်း အကောင့်ကိုဘမ်းပါမယ်။ ရိုက်နေရင်း ခဏနားချင်ရင် Submit and Pause ခလုတ်ကိုနှိပ်ပြီး နားနိုင်ပါတယ်။ Auto Typing Software လုံးဝမသုံးပါနဲ့ ဘမ်းပါလိမ့်မယ်။

သူတို့ဘယ်မှာအခြေစိုက်သလဲ
            မိုရိုကိုနဲ့ ပနားမားမှာ အခြေစိုက်တယ်လို့ စုံစမ်းရေးဆိုက်တွေက ဆိုထားတာပါ။ ကျနော့်အထင်တော့ အမေရိကားအခြေ စိုက်ကုမ္ပဏီတစ်ခုခုဖြစ်နိုင်ပါတယ်။ အမေရိကားမှာအခြေစိုက်ရင် ဒီလိုလုပ်ငန်းတွေအတွက် အမေရိကန်နိုင်ငံရဲ့ စိစစ်ချက်တွေ အခွန် တွေကိုရှောင်ချင်လို့ အနီးနားက မိုရိုကိုနဲ့ ပနားမားမှာ အခြေစိုက်တာဖြစ်နိုင်ပါတယ်။ ဒီလင့်ခ်မှာသွားကြည့်ပါ။
            http://www.scamadviser.com/check-website/MegaTypers.com

ယုံကြည်စိတ်ချရမှုနဲ့ ငွေပေးတာမှန်ရဲ့လား
            ၈၅ ရာခိုင်နှုန်း ယုံကြည်စိတ်ချရကြောင်း ထောက်ခံချက်ရထားပါတယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းကတော့ AntiVirus နဲ့ Windows Firewall ရဲ့ကိစ္စပါ။ ယုံကြည်ရတယ်ဆိုတာက MegaTypers မှာ အလုပ် ၀င်လုပ်နေတုန်း ကိုယ့်ကွန်ပျူတာကို နောက် ကျောကနေ ဓါးနဲ့ထိုးနေသလားဆိုတဲ့ သံသယရှိစရာမလိုဘူးလို့ ဆိုလိုတာပါ။ ၀င်ငွေရှာ ဖွေရေးဆိုက်တချို့ဟာ အကြံအဖန် Scan ဆိုက် တွေဖြစ်နေတယ်ဆိုတာကို သတိပြုပါ။ တကယ်ငွေရသလားဆိုတာကတော့ Youtube မှာ MegaTypers.com ဆိုပြီး ရိုက်ရှာလိုက်ပါ။ အဲဒီမှာ အမှန်တကယ်ဝင်ငွေရနေတဲ့သူတွေ ထောက်ခံချက်ပေးထားတဲ့ Video တွေ တင်ထားပါတယ်။

တစ်လ ဘယ်လောက်ရမှာလဲ
            ဆိုက်ရဲ့ကမ်းလှမ်းချက်ကတော့ တစ်လ ဒေါ်လာ ၁၅၀ ကနေ ၂၀၀ ကျော် ရနိုင်တယ်လို့ဆိုပေမယ့်။ တချို့ သူတို့ Member တွေ တစ်လကို ဒေါ်လာ ၃၀၀၀ လောက်ဝင်ငွေရနေပါတယ်လို့လည်း ဆိုပြန်ပါတယ်။ ကျနော်လက်တွေ့စမ်း သပ်ကြည့်တဲ့အခါမှာ ၃ နာရီလောက်ရိုက်မှ ဆင့် ၅၀ လောက်ပဲရတာကိုတွေ့ရပါတယ်။ ဒီနှုန်းအတိုင်းဆိုရင် တစ်နေ့ ၃ နာရီ၊ ၂ ရက် ၁ ဒေါ်လာ၊ တစ်လ ၁၅ ဒေါ်လာပဲ ရနိုင်သလိုဖြစ်နေပါတယ်။ မဟန်ဘူးပေါ့။


ဝင်ငွေများများရအောင်ဘယ်လိုလုပ်မလဲ
            ရိုးရိုးပဲစာရိုက်ပေးရုံနဲ့တော့ ပြောခဲ့သလိုပဲ အလွန်ဆုံး ဒေါ်လာ ၃၀ ထက်ပိုမရမှာ သေချာပါတယ်။ ငွေများများရအောင်လုပ်နိုင် တဲ့နည်းလမ်းပေးထားပါတယ်။ အဲဒါကတော့ Affiliates ဆိုတဲ့နေရာမှာ Code တွေဖန်တီးပြီး Member သစ်တွေဝင်လာအောင် ဖိတ်ပေး ရပါမယ်။ ကိုယ်ဖန်တီးထားတဲ့ Code တွေကိုအသုံးပြုပြီးဝင်လာတဲ့ Member တွေရဲ့ ၁၀ ရာခိုင်နှုန်းဝင်ငွေကို ကိုယ်က ခံစားခွင့်ရမှာဖြစ် ပါတယ်။ ဒီနည်းနဲ့ ၀င်ငွေတိုးပွားအောင် လုပ်ရတာဖြစ်ပါတယ်။ အဲဒီ ၁၀ ရာခိုင်နှုန်းဝင်ငွေက ၀င်လာတဲ့ Member အသစ်တွေက ပေးရ တာမဟုတ်ပါဘူး။ MegaTypers က ပေးတာပါ။ ဒါကြောင့် ကိုယ့်ဝင်ငွေဘယ်လောက်ကောင်းတယ်ဆိုတာကတော့ ကိုယ်ဖိတ်ထားတဲ့ Affiliates Member တွေရဲ့ လုပ်အားနဲ့လည်းဆိုင်ပါတယ်။ သူတို့ဆီမှာ အလုပ်လုပ်တဲ့သူတွေများလာအောင် ဒီလိုဖန်တီးထားတာဖြစ်နိုင် ပါတယ်။

နောက်ကွယ်မှာ တကယ့်လုပ်ငန်းက ဘာဖြစ်နိုင်သလဲ
            ကျနော်သေသေချာချာမသိပါ။ အစတော့ ကျနော်လည်း အံ့သြပါတယ်။ မဟုတ်က ဟုတ်က ပေးထားတဲ့ပုံရိပ်ကို စကားလုံး အဖြစ်ပြန်ရိုက်ပေးရုံနဲ့ ငွေပေးတယ်ဆိုတာ ဟုတ်ပါ့မလားလို့ သံသယဖြစ်မိပါတယ်။ ဖိုရမ်တော်တော်များများကို ၀င်မွှေကြည့်ပါတယ်။ ကိုယ့်အင်္ဂလိပ်စာက ညံ့တော့ နားလည်သလောက်ပြောရရင် MegaTypers နောက်ကွယ်မှာ Data တွေ အချက်အလက်တွေကို ပုံမှန် ဖြည့်သွင်းဖို့လိုအပ်နေတဲ့ လုပ်ငန်းကြီးတွေရှိပုံရပါတယ်။ ဥပမာ Stock လုပ်ငန်းတွေ၊ ဒါမှမဟုတ် Trading Company တွေ၊ ဒါမှမဟုတ် Nasa လား တစ်ခုခုဖြစ်နိုင်ပါတယ်တဲ့။ ဒီလိုလုပ်ငန်းတွေအတွက် ပုံမှန်အချက်အလက်တွေဖြည့်သွင်းပေးဖို့ လုပ်အားတွေလိုနေတာ သေချာပါတယ်။ ကျနော်ပြောတာမဟုတ်ပါ။ ဖိုရမ်တွေမှာ လိုက်ရှာဖတ်ကြည့်ပါ။ သေချာတာကတော့ အလုပ်လုပ် ရတာစည်းကမ်းကြီး တယ်။ ခဏခဏမှားတာများရင်၊ ပေါက်ကရလုပ်ရင် အကောင့်ကိုဘမ်းတာကတော့ အမှန်ပါပဲ။

ငွေဘယ်လိုပြန်ထုတ်ရမှာလဲ
            Western Union ကနေငွေထုတ်နိုင်ပါတယ်။ ဒါမှမဟုတ် PayPal အကောင့်ကနေငွေရယူနိုင်ပါတယ်။ Western Union ကဆို ရင်တော့ ဒေါ်လာ ၁၀၀ ပြည့်မှ ပို့ပေးပါတယ်။ PayPal အကောင့်ပေးထားရင်တော့ ၃ ဒေါ်လာပြည့်တိုင်း အလိုအလျောက်ငွေပို့ပေးပါ တယ်။ Register လုပ်တဲ့အခါမှ ကိုယ်ပေးချင်တဲ့ အချက်အလက်ကိုပေးရမှာဖြစ်ပါတယ်။ PayPal အကောင့်ကတော့ ငွေရမြန်ပါတယ်။ PayPal အကောင့်က www.paypal.com မှာ Gmail လိပ်စာပေးပြီး ဖွင့်ရပါတယ်။ PayPal က မြန်မာပြည်အတွက် လတ်တလော အသုံး မ၀င်သေးပေမယ့်လို့ နောက်ပိုင်း ဘဏ်တွေက Visa Card, Master Card စသည်ဖြင့် သုံးလာရင်တော့ PayPal နဲ့ချိတ်ဆက်ပြီး ငွေထုတ် လို့ရနိုင်တော့မှာပါ။

အကောင့်ဖွင့်ချင်လို့
            http://www.megatypers.com/register မှာ အကောင့်ဖွင့်နိုင်ပါတယ်။ Invitation Code တောင်းလာခဲ့ရင် 4OO7, 4OO9, 4OOA, 4OKJ ထဲ တစ်ခုခုကိုသုံးနိုင်ပါတယ်။ ကြိုးစားပါ။ Invitation Code တွေဖန်တီးပါ။ Gmail, Facebook တွေကနေ ဖိတ်ပါ။ Affiliates Members တွေများများရအောင်လုပ်ပါ။

ရှင်းလင်းချက်
            ပုံမှာကြည့်ပါ။ Solve Image ဆိုတာက ကိုယ်အလုပ်လုပ်ရမယ့်နေရာ။ Profile and Payment ဆိုတာက ကိုယ့်အချက် အလက်နဲ့ ကိုယ့်ရဲ့ဝင်ငွေ။ Statistics ဆိုတာက ဘယ်နာရီပိုင်းမှာအလုပ်လုပ်ရင် ၀င်ငွေကောင်းနိုင်သလဲဆိုတာကြည့်လို့ရပြီး ကိုယ့်ရဲ့ အလုပ်စွမ်းရည်ကို ရာခိုင်နှုန်းနဲ့ပြတဲ့နေရာ။ Help ဆိုတာက အလုပ်မလုပ်တတ်သေးခင် လုပ်ပုံလုပ်နည်းကြည့်ဖို့။ Affiliates ဆိုတဲ့နေရာ မှာ ကိုယ့်ရဲ့ Code ကိုသုံးပြီး Members သစ်တွေ ဘယ်လောက်ဝင်လာပြီလဲဆိုတာကြည့်နိုင်သလို။ Invitation Code တွေဖန်တီးရမယ့် နေရာတွေ ဖြစ်ပါတယ်။ စမ်းသပ်ကြည့်ပါ။
            အိန္ဒိယနိုင်ငံဟာ IT နည်းပညာတွေနဲ့ပတ်သက်ရင် ရှေ့ပြေးနေပါတယ်။ တစ်ကမ္ဘာလုံးမှာ အိန္ဒိယနိုင်ငံသားတွေ ဒီလိုလုပ်ငန်း တွေမှာ မွှေနှောက်ပြီး ၀င်ငွေရှာနေကြပါတယ်။ အင်တာနက်လောကမှာ Online Advertising, Email Marketing, Online Trading စသည်ဖြင့် သက်သက်သာသာ ပညာနဲ့ အချိန်ကိုရင်းပြီး ၀င်ငွေရှာဖွေရမယ့်နေရာတွေ အများကြီးရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ကွန်နက် ရှင်ပြဿနာ၊ ဘဏ်စနစ်နဲ့ ဆက်သွယ်ရေးနည်းပညာတွေကြောင့် ခေတ်လူငယ်တွေ အောက်ကျ နောက်ကျအများကြီး ဖြစ်နေပါပြီ။ ဒီကိစ္စအတွက်လည်း အစိုးရကို ၀ိုင်းပြီးတွန်းအားပေးတောင်းဆိုကြပါ။ တပြိုင်နည်းတည်းမှာ အခက်အခဲတွေကိုကျော်လွှားပြီးကြိုးစား လမ်းဖောက်ထားသင့်ပါတယ်။


ကျနော်ဘယ်လောက်ရပြီလဲ
            ဒီလို Post မျိုးကို ရေးဖို့ အချိန်တွေအများကြီးပေးခဲ့ရပါတယ်။ ဆိုက်ပေါင်း ၁၀၀၀ နီးပါးလောက်ကို လေ့လာခဲ့ပါတယ်။ အကောင့်တွေအများကြီးဖွင့်ခဲ့ရပါတယ်။ နေရာပေါင်း ၅၀ ကျော်လောက်မှာ အလုပ်လုပ်ခဲ့ပါတယ်။ ပိုက်ဆံရရေးအတွက်မဟုတ်ပါ။ လေ့လာရေး သက်သက်သာဖြစ်ပါတယ်။ ၀င်ငွေနည်းတဲ့ အိမ်နေအမျိုးသမီး သားသည်မိခင်တွေ၊ အပိုဝင်ငွေရှာချင်တဲ့ ကျောင်းသား လူငယ်တွေနဲ့ သက်ကြီးပင်စင်စားတွေ ၀င်ငွေရှာဖွေနိုင်မယ့်နည်းလမ်းတွေကို အင်တာနက်ပေါ်မှာ ရှာပေးချင်လို့ဖြစ်ပါတယ်။ ပွင့်ပွင့်လင်း လင်းပြောရရင်တော့ ကျနော့် PayPal ထဲကို ဒေါ်လာတစ်ပြားမှ ၀င်မလာသေးပါ။ တစ်နေရာတည်းမှာ တိတိကျကျအလုပ်မလုပ် လို့ဖြစ်ပါတယ်။ လုပ်ဖို့လည်း အခြားအလုပ်တွေကြောင့် အချိန်မပေးနိုင်လို့ပါ။ ဒါတောင် အားတဲ့အချိန်မှာ ၀င်မွှေထားတဲ့အကျိုးကျေး ဇူးကြောင့် ရေးနိုင်တာပါ။

အကူအညီလိုရင်ပြောပါ
          Online Advertising ဆိုတာက အင်တာနက်ပေါ်ကြော်ညာခြင်း။ ဥပမာ မြန်မာနိုင်ငံရဲ့ ဟိုတယ်လုပ်ငန်းတွေ၊ ဘဏ်လုပ် ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေကို နိုင်ငံတကာသိအောင်ကြော်ညာချင်တယ်ဆိုရင် ပြောပါ။ ဒါပေမယ့် English Version Site ဖြစ်ရပါမယ်။ ငွေကြေးတစ်ပြားတစ်ချပ်မှမကုန်ဘဲ ကြော်ညာနိုင်တဲ့နည်းလမ်းကောင်းတွေရှိပါတယ်။ Surfing Site တွေမှာ Surfing လုပ်ပေးရင်း နဲ့ ကိုယ့်ရဲ့ဆိုက်ကို ကြော်ညာနိုင်တဲ့နည်းလမ်းတွေ ပေးနိုင်ပါတယ်။ အခုလောလောဆယ် အလုပ်လက်မခံနိုင်သေးလို့ ကိုယ့်ဘာသာ လုပ်နိုင်မယ့် နည်းလမ်းပဲပေးပါ့မယ်။ လူငယ်တွေအနေနဲ့ ၀ါသနာတူရာလူချင်း အုပ်စုဖွဲ့ပြီး Online Advertising Company တစ်ခု ထူထောင်နိုင်မယ့် နည်းလမ်းကောင်းတွေရှိပါတယ်။ ငွေကြေးတစ်ပြားတစ်ချပ်မှ မကုန်ပါ။ မြန်မာနိုင်ငံမှာ အင်တာနက်ဈေးပေါပေါနဲ့ သုံးခွင့်ရဖို့၊ အင်တာနက်မြန်နှုန်းမြင့်ဖို့၊ Online Banking စနစ်တွေကောင်းလာဖို့သာ ၀ိုင်းဝန်းတောင်းဆိုကြပါ။ အင်တာနက်လောက ထဲဝင်ပြီး အခွင့်အလမ်းတွေရှာဖွေကြပါစို့။
            နောက်ပိုင်းအချိန်အားရရင် Surfing Bank တစ်ခုဖြစ်တဲ့ ClickTrackProfit အကြောင်း ရှင်းပြပါဦးမယ်။ လွယ်ပါတယ်။

ကိုဇင်
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်။

1 comment:

  1. တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ပို့ စ်ပါ။ အွန်လိုင်းကနေ ပိုက်ဆံရှာချင်ပါတယ်။ နည်းလမ်းကောင်း
    လေးတွေ အသေးစိတ် မျှဝေပေးပါလား။ ကိုဇင်ရဲ့ အီးမေးလ် (သို့ ) ဝက်ဆိုက်လိပ်စာ (သို့ ) ဖေ့ဘုတ် နာမည်
    လေးများ ရနိုင်မလား။ ကျေးဇူး moez.rainz@gmail.com သို့ ပို့ ပေးစေလိုပါတယ်။

    ReplyDelete